သံတောင်ကြီး ဧပြီ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ ဇိုင်းယာနှစ်ခြင်းဘုရားကျောင်း ဓမ္မပညာဆရာမများက ဦးဆောင်၍ ကလေးသူငယ်များ နွေရာသီ အားလပ်ရက်များတွင် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်များတွင် အချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ထူးချွန်ထက်မြက်သည့် ကလေးသူငယ်များဖြစ်စေရန်အတွက် နွေရာသီ ဓမ္မပညာသင်တန်းဖွင့်လှစ် ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ နွေရာသီ ဓမ္မပညာသင်တန်းတွင် စကောကရင်စာပေ၊ ဘွဲကရင်စာပေ၊ ဂီတ၊ ပြည်သူ့နီတိ၊ သမ္မာ ကျမ်းစာလေ့လာခြင်း၊ စွမ်းရည်ပြိုင်ပွဲများ၊ ဂိမ်းကစားပြိုင်ပွဲများကို ပြုလုပ်သင်ကြားပေးသွားမည်ဖြစ်သည်။ နွေရာသီ ဓမ္မပညာသင်တန်းတွင် ဆရာမ(၁၂)ဦးက သင်ကြားပေးသွားမည်ဖြစ်ပြီး မူလတန်းကျောင်းသူ/ကျောင်းသား (၁၅၆)ဦး တက်ရောက်ကာ သင်တန်းကာလမှာ ဧပြီလ (၁၉) ရက်နေ့မှ မေလ (၅) ရက်နေ့အထိဖြစ်ကြောင်း သိရသည်။
စောမင်းသား(ပြန်/ဆက်)