ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ကာတွန်း၊ ပိုစတာပြိုင်ပွဲကျင်းပနေမှု ကြည့်ရှုအားပေး

တောင်ကြီး ဧပြီ ၂၀

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၆) ကြိမ်မြောက် ပန်းချီ၊ကာတွန်း၊ပိုစတာပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက တောင်ကြီးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့်၊ အခြေခံပညာအလယ်တန်းအဆင့်၊ အခြေခံပညာမူလတန်းအဆင့်  ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊  ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့က တက်ရောက်ကြည့်ရှူအားပေးခဲ့ကြပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးကပေးအပ်ရာ အမှတ်(၂) မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ခွဲ ဒုတိယရဲမှူးကြီး လင်းထွဋ်မြင့်မှ လက်ခံရယူကြောင်း သိရသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၆) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့်၊ အခြေခံပညာအလယ်တန်းအဆင့်၊ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူစုစု ပေါင်း(၁၆၄)ဦး ပါဝင် ယှဉ်ပြိုင်ကြကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)