တပ်ကုန်းမြို့၌ နွေရာသီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ

တပ်ကုန်း ဧပြီ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာအုပ်စု၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲကို ဧပြီ ၁၈ ရက် ညနေ ၄ နာရီက အဆိုပါကျေးရွာရှိ လူငယ်အားကစားကွင်းတွင် အေးချမ်းသာစံပြကျေးရွာအသင်းနှင့် ဂွေ့ကြီး ကျေးရွာအသင်းတို့ ကွင်းဖွင့်လှစ် ယှဉ်ပြိုင်ကစားခဲ့ကြရာ အေးချမ်းသာစံပြကျေးရွာ ဘောလုံးအသင်းက ဂွေ့ကြီးကျေးရွာဘောလုံးအသင်းကို ၃ ဂိုး၊ ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယနေ့တွင် ဒဟတ်ကုန်းကျေးရွာအသင်းနှင့် ကရင်အောင်းကျေးရွာအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြပြီး၊ ဘောလုံးပြိုင်ပွဲသို့ အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးမော်စိုးနှင့် အဖွဲ့ဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများ၊ ပြိုင်ပွဲဝင်ကျေးရွာများဖြစ်သည့် အေးချမ်းသာစံပြကျေးရွာ၊ ဒဟတ်ကုန်းကျေးရွာ၊ ကရင်အောင်းကျေးရွာ၊ ဂွေ့ကြီးကျေးရွာ၊ ကြူအင်းကျေးရွာ၊ သော်တာကျေးရွာ၊ တရော်ပင်အင်းကျေးရွာနှင့် အလယ်ကျွန်းကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း  အားကစားသမားများ၊ စုစုပေါင်း ၄၀၀ ဦးခန့် တက်ရောက်ခဲ့ပြီး၊ အဆိုပါဘောလုံးပြိုင်ပွဲကို ဧပြီလ ၁၈ ရက်မှ မေလ ၅ ရက်နေ့ထိ  ပတ်လည်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း အေးချမ်းသာစံပြ ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ  သိရသည်။ 

တင်စိုးလွင်