မလှိုင်မြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ခုဘဏ္ဍာရေးနှစ် ( CFL – 1) ယစ်မျိုးလိုင်စင်အမျိုးအစား  လေလံရောင်းချပွဲ ကျင်းပ

မလှိုင် ဧပြီ ၂၀

၂၀၂၃ - ၂၀၂၄ ခုဘဏ္ဍာရေးနှစ် မလှိုင်မြို့နယ်၏ (CFL – 1 )ယစ်မျိုးလိုင်စင်အမျိုးအစား လေလံရောင်းချပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လေလံရောင်းချပွဲတွင်   မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က  (CFL – 1) ယစ်မျိုးလိုင်စင် အမျိုးအစားကို မိတ္ထီလာခရိုင် ယစ်မျိုးလေလံကြီးကြပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ပြုလုပ်ခြင်းဖြစ် ကြောင်း၊ လေလံစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် မြို့နယ် ယစ်မျိုးလေလံ ရောင်းချရေးအဖွဲ့မှ  စနစ်တကျ စတင်လေလံရောင်းချခဲ့ရာ ဆုံတွင်းကျေးရွာအုပ်စု ၊ မန်ကျီးပင်ပုကျေးရွာအတွက် (CFL–1)ယစ်မျိုးလိုင်စင်ကို  အမြင့်ဆုံးဈေး ကျပ်(၂၇၀၀၀ဝိ/-)ဖြင့် ဦးမင်းဇော်ဦးကလည်းကောင်း၊ နတ်စဉ်ကုန်း ကျေးရွာအုပ်စု ၊ နတ်စဉ်ကုန်းကျေးရွာအတွက် ( CFL – 1 )ယစ်မျိုးလိုင်စင်ကို အမြင့်ဆုံးဈေး ကျပ်(၂၇၀၀၀ဝိ/-) ဖြင့် ဦးသန်းအောင်ကလည်းကောင်း၊ ညောင်အုပ်ကျေးရွာအတွက် ကျပ်(၂၅၀၀၀ဝိ/-)ဖြင့် ဦးသန်းအောင် ၊ ကံကြီးကျေးရွာအုပ်စု၊ ကံကြီး(တ)ရွာအတွက် ကျပ်(၃၅၅၀၀ဝိ/-)ဖြင့် ဦးဝင်းမော်ကလည်းကောင်း အသီးသီး ရရှိသွားကြောင်း သိရသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးမှ နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယခုလို လေလံပွဲများ ကျင်းပ၍ ရရှိလာသည့် အခွန်ငွေများဖြင့်  မြို့နယ်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုနှစ်လေလံတွင် ယမန်နှစ်ကထက် ၁၀ ရာခိုင်နှုန်းခန့် ပိုမိုကောက်ခံရရှိသည့်အတွက် မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမို ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း အသိပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)