မန်ကန် ဧပြီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် ဒေသကြက်များ တစ်ပိုင်တစ်နိုင်မွေးမြူခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ထိုသို့ မွေးမြူရာတွင် မန်ကန်မြို့တွင် နေထိုင်သူ ဒေါ်ငြိမ်းချမ်းဇူမိသားစုသည် ဒေသကြက်များကို စနစ်ကျ မွေးမြူ၍ မိသားစု အပိုဝင်ငွေရရှိလျက်ရှိသည်။ ဒေသကြက်မွေးမြူရာတွင် ရာသီဥတုခံနိုင်မှုရှိခြင်း၊ အစာကျွေးရာတွင် ကုန်ကျစရိတ်သက်သာခြင်း၊ ရောင်းချရာတွင် ဈေးကွက်ရရှိခြင်းတို့ကြောင့် မန်ကန်မြို့နယ်တွင် ဒေသကြက်မွေးမြူသူများ များပြားလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဒေသကြက်တစ်ကောင်လျှင် ဒေသအတွင်း၌ ငွေကျပ်(၂၀၀၀၀)ကျပ်မှ (၂၅၀၀၀)အထိ ရရှိပြီး မန်မိုင်ဆိုင်နှင့် ပန်ဆန်းမြို့တို့မှ လာရောက် ဝယ်ပါက တစ်ကောင်လျှင် (၅၀၀၀၀)ကျပ်အထိ ရောင်းချရကြောင်း၊ တစ်နှစ်လျှင် ဒေသကြက်မွေးမြူခြင်းဖြင့် ငွေကျပ် သိန်းနှစ်ဆယ်ကျော်ရှိကြောင်းလည်း သိရသည်။ မန်ကန်မြို့နယ်တွင် ဒေသကြက်မွေးမြူသူ ဒေါ်ငြိမ်းချမ်းဇူ မွေးမြူရေးခြံတွင် ဒေသကြက်အကောင်ရေ (၁၅၀)ကျော် မွေးမြူထားကြောင်းလည်း သိရသည်။
အေးကပ်(ပြန်/ဆက်)