ဒဂုံတောင် ဧပြီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၈ (က) ရပ်ကွက် ဇာဒက်ကြီးကျွန်းလမ်ထိပ် ပိတောက်ရိပ်အအေးဆိုင်မှ ပြည်သူ့စာကြည့်တိုက်သို့ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က စာအုပ်စင်နှင့်စာအုပ်များ လာရောက်လှူဒါန်းကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင်ပိတောက်အအေးဆိုင်မှလှူဒါန်းသော ကျပ်လေးသောင်းတန်ဘိုးရှိ သုတရသစာအုပ် ၃၈ အုပ်နှင့် ကျပ်နှစ်သောင်းတန်းဘိုးရှိ စာအုပ်စင်တစ်စင်တို့အား မြို့နယ်ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူးတို့က လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌လက်ခံရယူပြီး ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဒုတိဦးစီးမှူးဒေါ်သန်းသန်းအေးက “လှူတဲ့စာအုပ်တွေက ကလေးကြိုက်နဲ့ လူငယ်ကြိုက်တွေဖြစ်လို့ စာရင်းသွင်းပြီးတာနဲ့ စာအုပ်စင်မှာ တင်ထားပေးမယ်နော်” ဟု ပြောကြားကြောင်း သိရသည်။
ထို့နောက် စာအုပ်စင်နှင့်စာအုပ်များလှူဒါန်းသော အလှူရှင်ပိတောက်ရိပ်အအေးဆိုင်ပိုင်ရှင်က “စာပေဝါသနာပါသဖြင့် အအေးဆိုင်တွင်စာအုပ်စင်ထားပြီး အအေးလာသောက်ရင်း စာအုပ်ဖတ်ရအောင်ထားပေးထားတာပါ ဖတ်ရတဲ့လူပိုများအောင် အခုလိုစာကြည့်တိုက်ကို လာလှူတာပါ” ဟု ပြောကြားကြောင်းနှင့် လာရောက်လှူဒါန်းသောစာအုပ်စင်နှင့် စာအုပ်များကို စနစ်တကျစာရင်းသွင်းပြီး စာပေချစ်သူများဖတ်ရှုလေ့လာနိုင်ရေး ခင်းကျင်းပြသ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မင်းဟန်(ဒဂုံတောင်)