ကျောက်တံတား အောက်တိုဘာ ၃
ကျောက်တံတားမြို့နယ်တွင် ဆောင်ရွက်ထားရှိသော ၃၈ လမ်းစျေး ပလာဇာအပေါ်ထပ်၆လွှာရှိ Community Based Facility Quarantine Centre တွင် ကိုဗစ်-၁၉ ရောဂါ Positive တွေ့ရှိခဲ့သူများနှင့် အနီးကပ် ထိတွေ့ခဲ့သူ Primary Contact များအား ထားရှိလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး ရှိ / မရှိ သိနိုင်ရန် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ(Swab)နှာခေါင်းနှင့် အာခေါင်တို့ပတ် ရယူခြင်း ကို ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် အသွားအလာကန့်သတ်ထားသူ Primary Contact (၂၇) ဦးထံမှ (Swab) နှာခေါင်းနှင့် အာခေါင်တို့ပတ် များကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ စနစ်တကျရယူပေးခဲ့ကြပြီး အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျောက်တံတားမြို့နယ်တွင် အောက်တိုဘာလ(၂)ရက်နေ့ထိ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ (၁၂၂) ဦးရှိပြီဖြစ်ကာရောဂါပိုးကင်းစင်၍ မိမိနေအိမ်ပြန်ရောက်လာသူ(၂၀) ဦးနှင့် သေဆုံးသူ(၈)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ရွှေနန်းမေ