မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်တရား ရွတ်ဖတ်ခြင်းနှင့် အသက် ၉၀ နှစ်နှင့်အထက် အဖိုး၊ အဖွားများ ကန်တော့ပွဲကျင်းပ

အမရပူရ ဧပြီ ၁၉

အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ စျေးချိုရပ်ကွက်၊ ရုံးပေါင်းစုံ၊ ခရိုင်အစည်းအဝေးခန်းမတွင် ဧပြီလ ၁၇ ရက်နေ့၊ မွန်းလွဲ ၂နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့်အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပခဲ့သည်။

အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲတွင် တိုင်းသံဃာ့နာကဆရာတော် ဘဒ္ဒန္တဣန္ဒက (စတုဘုမ္မိကကျွန်းကျောင်း) ဆရာတေယ်ထံ ငါးပါးသီလခံယူပြီး ဆရာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်ပေးခဲ့ကြပြီး ဆရာတော်ကြီးများကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

၎င်းနောက် မြို့နယ်အစည်းအဝေးခန်းမတွင် အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးအဘိုး၊ အဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာသော အဘိုး၊ အဘွားများအား ဘီစကစ်မုန့်ပုံးများ၊ Calsome ကွေကာ အထုပ်ကြီးများနှင့် ဘိုးဘွားတစ်ဦးလျှင်  အလှူငွေ (၃၀,၀၀၀)ကျပ်နှုန်းဖြင့်  အဘိုး( ၁၇)ဦး၊ အဘွား(၁၇) ဦး၊ စုစုပေါင်း ဘိုးဘွား (၃၄)ဦးတို့အတွက် ဘီစကစ်မုန့်ပုံး (၃၄)ပုံး၊ Calsome ကွေကာ အထုပ်ကြီး (၃၄)ထုပ်၊ အလှူငွေ (၁,၀၂၀,၀၀၀)ကျပ်တို့အား ပူဇော်ကန်တော့ခဲ့ကြသည်။ အဘိုး၊ အဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)