မိတ္ထီလာ၊ ဧပြီ ၁၉
မိတ္ထီလာခရိုင်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ဧက ၈၀၀ကျော် စိုက်ပျိုး မိတ္ထိလာခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့နယ်များတွင် ဆည်ရေ၊ ကန်ရေသောက်နည်းလမ်းအပြင် စက်ရေတွင်းများဖြင့် နွေစပါးနှင့် အခြားသီးနှံများကို စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိတ္ထီလာမြို့နယ်တွင် နွေစပါးစိုက်ဧက ၉၃၀၊ မလှိုင်မြို့နယ်တွင် နွေစပါးစိုက်ဧက ၁၄ ဧက၊ ဝမ်းတွင်းမြို့နယ်တွင် နွေစပါးစိုက်ဧက ၁၆၈၀ စိုက်ပျိုးသွားရန် သတ်မှတ်လျားထားပြီး ဒေသခံ တောင်သူများက နွေစပါးများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်၍ ပျိုးထောင်စိုက်ပျိုးခြင်းစနစ် ၊ တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်းစနစ်တို့ဖြင့် စိုက်ပျိုးလျက်ရှိသည်။ ယင်းသို့ စိုက်ပျိုးရာတွင် ယနေ့အထိ မိတ္ထီလာမြို့နယ်တွင် စိုက်ဧက ၃၃၃ ဧက ၊ မလှိုင်မြို့နယ်တွင် စိုက်ဧက ၁၂ ဧက၊ သာစည်မြို့နယ် စိုက်ဧက ၄၅ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် စိုက်ဧက ၄၃၈ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ပြီး ကျန်ရှိသည့် စိုက်ဧကများကို ဆက်လက်စိုက်ပျိုးလျက်ရှိသည်။
ယင်းသို့ စိုက်ပျိုးရာတွင် မိတ္ထိလာခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့နယ်များရှိ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက စပါးတစ်ဧက အထွက်နှုန်း တိုးတက်စေရေးတို့အတွက် တောင်သူနည်းပညာပေး ဆွေးနွေးခြင်းများ၊ လက်တွေ့ဆောင်ရွက်ပြသခြင်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သိန်းမြင့်ကျော်(မိတ္ထီလာ)