ခရမ်း ဧပြီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်လူထုအခြေပြုဗဟိုဋ္ဌာန (Community Centre)ခန်းမ၌ ပူပြင်းသောနွေနှင့် ရေဓါတ်ခန်းခြောက်မှုအကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက နွေရာသီ၏ဧပြီ၊မေ အပူဆုံးကာလနှင့်ပူပြင်းသောနွေနှင့် ရေဓါတ်ခန်းခြောက်မှုကြောင့် ခံစားရမည့် ကာလအပိုင်းအခြားများ၊ အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များ၊ သတိပြုလိုက်နာရမည့်အချက်များ၊ နေပူထဲထွက်ပါက အပူဒဏ်ကာကွယ်ရေး ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ရေဓါတ်ခန်းခြောက်မှုကြောင့် ကျန်းမာရေးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအား ပူပြင်းသောနွေရာသီတွင်ရေဓါတ်ခန်းခြောက်မှုမဖြစ်စေရေးအတွက် ဆောင်ရွက်သင့်သည်များနှင့် နွေရာသီပူပြင်းမှုကြောင့် ရေဓါတ်ခန်းခြောက်ခြင်းကြောင့် ဝေဒနာခံစားရပါက ကာကွယ်နေထိုင်ရမည့် နည်းစနစ်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိအောင် Online Talk Show များဖြင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုမင်း ( ခရမ်း )