ဘူးသီးတောင် ဧပြီ ၁၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ရှိ မြစိမ်းရောင်စိတ္တသုခကမ္မဌာန်းကျောင်းအတွင်း၌ သီတင်းသုံးနေထိုင်တော်မှုကြကုန်သော ဆရာတော်သံဃာတော်များနှင့် ရဟန်း၊ သာမဏေများ ဆွမ်းအဆင်ပြေစေရေးအတွက် ဘူးသီးတောင်မြို့ပေါ်ရပ်ကွက်နေပြည်သူများမှ ယနေ့နံနက်၁၀နာရီအချိန်က ဆွမ်းဆန်စိမ်းလောင်းလှူ၍ ဒါနကုသိုလ်ပြုလောင်းလှူခဲ့ကြောင်း သိရသည်။
ထိုသို့ဆွမ်းဆန်စိမ်းလှူဒါန်းလောင်းလှူရာတွင် ဆရာတော်သံဃာတော်များ၊ ရဟန်း၊ သာမဏေများမှ မိမိတို့အိမ်ရှေ့အရောက် မြို့တစ်ပတ် လှည့်လည်၍ ဆွမ်းဆန်တော် အလှူခံလှည့်လည်ရာတွင် မြို့ပေါ်ရပ်ကွက်များရှိ ဗုဒ္ဓဘာသာဝင်သဒါကြည်လင်ပါရမီရှင် အလှူရှင်ပြည်သူများက နေ့ဆွမ်းနှင့် အာရုံဆွမ်းအဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်များ လှူဒါန်းလောင်းလှူခဲ့ကြောင်း သိရသည်။
အဆိုပါ မြစိမ်းရောင်စိတ္တသုခကမ္မဌာန်းကျောင်းတိုက်တွင် နှစ်စဥ်ကျင်းပမြဲဖြစ်သော သင်္ကြန်ကာလ(၅၈)ကြိမ်မြောက် နိဗ္ဗာန်ဝင်လမ်း(၉)ရက်တရားစခန်းကို ဧပြီလ(၁၃)ရက်နေ့မှ စတင်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)