လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် အသုံးပြုရန် ငွေကျပ်(၁၀)သိန်းနှင့် ရေသန့်ကတ်များ လာရောက်လှူဒါန်း

လှိုင်သာယာ(အရှေ့ပိုင်း) အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်၁၉  ရောဂါပြည်တွင်းကူးစက်မှု မြင့်မားလာသည့်နှင့်အမျှ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများကို အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း (Quarantine Center) များတွင် ထားရှိခဲ့ပြီး Quarantine ဝင်ရောက်သူ ပြည်သူများ နေထိုင်စားသောက်ရေးတွင် အသုံးပြုရန် ယမန်နေ့နံနက်ပိုင်းက  ကျန်စစ်မင်းအိမ်ရာ ဓမ္မာရုံရှိ မြိုနယ်ကော်မတီရုံးသို့ အမှတ်()ရပ်ကွက်နေ   ဦးကျော်ထွန်းလင်းမှ ငွေကျပ်(၁၀) သိန်းနှင့် ရေသန့်()လီတာဘူး (၁၀၀) ကတ်တို့ကို လာရောက်လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းရာတွင် အမှတ်()ရပ်ကွက်၊ ဦးကျော်ထွန်းလင်း(ရွှေပြည်စိုးအုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး) မိသားစုသည် ကိုဗစ်၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် အသုံးပြုရန် ငွေကျပ်(၁၀) သိန်းနှင့် ရေသန့်() လီတာဘူး (၁၀၀) ကတ်တို့ကို ကျန်စစ် မင်းအိမ်ရာ ဓမ္မာရုံရှိ မြို့နယ် ကိုဗစ်၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီရုံးတွင် လာရောက်လှူဒါန်းခဲ့ရာ  အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးအေးဗိုလ် လှိုင်သာယာမြို့နယ် အမှတ်() တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ လှိုင်သာယာမြို့နယ် အမှတ်()တိုင်းဒေသကြီး ဦးမြတ်မင်းသူ တို့က လက်ခံရယူခဲ့ပြီး Community Base Facility Quarantie Center များတွင် ဝင်ရောက်နေသူများ အတွက် လှူဒါန်းကြောင်းနှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ကိုဗစ်၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးတွင် အသုံးပြုရန်  ငွေကျပ် (၁၀) သိန်းနှင့် ရေသန့်ကတ်တို့ကို လာရောက် လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

ထွန်းထွန်းနိုင်(ပြန် /ဆက်)