မိုးကုတ် ဧပြီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ယမန်နေ့နံနက် ၀၅း၃၀ အချိန်၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ၊(နှစ်ဆန်း၁ရက်နေ့)က မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သော သံဃာတော်(၅)ပါးမှ ဘုရားနေကဇာတင်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်များ နာကြားခြင်း ၊ဆွမ်းခဲဖွယ်များဖြင့် ကပ်လှူခြင်း ၊ ဧည့်သည်များဧည့်ခံခြင်း ၊ ဘုရားဆင်းတုတော် (၉) ဆူအား ဝန်ထမ်းများသို့ လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ပြီး မုန့်ဟင်းခါး စတုတိသာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
နန်းခွာညိုနှင်း(ပြန်/ဆက်)