ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကြည့်ရှုစစ်ဆေး

တွန်းဇံ  အောက်တိုဘာ၃

ချင်းပြည်နယ်၊ တွန်းဇံမြို့သို့ရောက်ရှိနေသော ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထိုက်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေ()နာရီ အချိန်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ချင်းပြည်နယ် စည်ပင်သာယာရေး၊လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထိုက်သည် တာဝန်ရှိသူများနှင့်အတူ တွန်းဇံမြို့စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

တွန်းဇံမြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်အမာရီက လက်ရှိ အသားသတ်ခုံလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် ရှေ့ဆက်ပြီး သားငါးအရောင်းဆိုင်ခန်းများနှင့် ကုန်စိမ်းအရောင်းဆိုင်းခန်းများဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ ရှင်းလင်းချက်များအပေါ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထိုက်သည် လုပ်ငန်းဆောင်ရွက်မှုများပေါ် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)