ရှင်ဗွေယန် အောက်တိုဘာ ၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ ၂၀၂၀-ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပ မည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်အခြေခံမဲ ဆန္ဒရှင်များစာရင်းကို အောက်တိုဘာလ(၁)ရက်နံနက်(၉)နာရီမှစတင်၍ ရပ်ကွက်/ကျေးရွာအလိုက် ကော်မရှင်ခွဲ ရုံးများတွင် ထုတ်ပြန်ကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက် ကြည့်ရှုလျက်ရှိကြောင်းသိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့မှ အောက်တိုဘာလ(၁၄)ရက်နေ့အထိ (၁၄)ရက်ကြာ နောက်ဆုံးအကြိမ်အဖြစ် ကြေငြာပေးသွားမည်ဖြစ်ပြီး မဲဆန္ဒရှင် ပြည်သူများက မဲစာရင်းကို လာရောက်ကြည့်ရှု စစ်ဆေး၍ မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့်လျှောက်ထားခြင်း၊ နေထိုင်ရာအရပ်ဒေသတွင် ရက်ပေါင်း(၉၀)ရက်ထက်ပို၍ နေထိုင်ကြောင်းနှင့် မဲစာရင်းတွင် ထည့်သွင်းပေးရန်တောင်းဆိုမည်ဆိုပါက ပုံစံ(၃-က)ဖြင့်လျှောက်ထားစေခြင်း၊ မဲစာရင်းတွင်မပါဝင်သင့်သူများ ပါဝင်နေပါကပုံစံ(၄)ဖြင့်လာရောက်ကန့်ကွက်စေခြင်း၊ အချက်အလက်များမှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့်ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး လိုအပ်သည့် ပုံစံများကိုလည်း ရပ်ကွက်ကျေးရွာအလိုက် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ ရယူနိုင်ကြောင်း သိရသည်။ တနိုင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ၊ ရှင်ဗွေယန်မြို့ ရပ်ကွက်(၁) မဲရုံအမှတ်(၁၃)တွင် မဲဆန္ဒရှင်(၃၂၇)ဦး၊ ရပ်ကွက်(၂) မဲရုံအမှတ် (၁၄)တွင် မဲဆန္ဒရှင်( ၆၉၅)ဦး၊ ရပ်ကွက်(၃) မဲရုံအမှတ်(၁၅)တွင် မဲဆန္ဒရှင် (၁၀၈၀)ဦး၊ ရပ်ကွက်(၄) မဲရုံအမှတ်(၁၆)တွင် မဲဆန္ဒရှင် (၂၅၆)ဦး၊ ခလုံးကျေးရွာအုပ်စု မဲရုံအမှတ် (၂၀)တွင်မဲဆန္ဒရှင် (၁၂၄၇)ဦး၊ တရုံကျေးရွာမဲရုံအမှတ်(၂၁)တွင် မဲဆန္ဒရှင် (၁၇၇၀)ဦး၊ တခက်ကျေးရွာ မဲရုံအမှတ်(၂၂)တွင် မဲဆန္ဒရှင် (၆၅၆)ဦး၊ လဂျဘွမ်ကျေးရွာ မဲရုံအမှတ်(၂၃)တွင်မဲဆန္ဒရှင် (၄၁၁)ဦး၊ စုစုပေါင်း မဲရုံ(၈)ရုံတွင် မဲဆန္ဒရှင်ပေါင်း(၆၄၄၂)ဦးတို့အား ဒုတိယအကြိမ် အခြေခံမဲဆန္ဒရှင် အမည်စာရင်းအဖြစ် ထုတ်ပြန်ကြေငြာထားကြောင်းသိရသည်။
လင်းသွယ်ဦး(ပြန်/ဆက်)