ပန်လုံမြို့၌ အသက်(၈ဝ)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အာဟာရပြည့်စားသောက်ကုန်နှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

ပန်လုံ ဧပြီ ၁၉

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၌ ယမန်နေ့ညနေ (၅)နာရီအချိန်ခန့်က အသက်(၈၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက်စနစ်ဖြင့် အာဟာရပြည့် စားသောက်ကုန်များနှင့် ထောက်ပံ့ငွေများကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

အဆိုပါ ထောက်ပံ့လှူဒါန်းခြင်းတွင် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့အထွေထွေအုပ်ချုပ်ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖပြည်သူများမှ ပါဝင်လှူဒါန်းခဲ့ကြရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့မှ သက်ကြီးဘိုးဘွား(၁)ဦးလျှင် အာဟာပြည့် စားသောက်ကုန်ပစ္စည်းနှင့် ထောက်ပံ့ငွေ စုစုပေါင်းအားဖြင့် (၅၀၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ မြို့ဒေသခံအလှူရှင်တစ်ဦးမှ (၅၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ မြို့ပြည်သူလူထုများမှ သက်ကြီးဘိုးဘွား(၁)ဦးလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း ပါဝင်လှူဒါန်းခဲ့ကြသည်။

ပန်လုံမြို့တွင် အသက်(၈၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၆၆)ဦးရှိကာ (၁)ဦးလျှင် (၆၅၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း(၄၂၉၀၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ပန်လုံ (ပြန်/ဆက်)