ပြင်ဦးလွင်မြို့တွင်  အသက် (၈၅) နှစ်အထက် အဘိုး/အဘွားများအား နှစ်သစ်ကူး သက်ကြီးပူဇော်ပွဲ ကျင်းပ 

ပြင်ဦးလွင် ဧပြီ ၁၉

မန္တလေးတိုင်းဒေသကြီး ၊  ပြင်ဦးလွင်မြို့တွင်  အသက် ( ၈၅ ) နှစ်အထက် အဘိုး / အဘွားများအား နှစ်သစ်ကူး သက်ကြီးပူဇော်ပွဲ အခမ်းအနားကို    မြန်မာသက္ကရာဇ်   ၁၃၈၅  ခုနှစ်  ၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ မြန်မာနှစ်ဆန်း ( ၂ ) ရက်နေ့  ယမန်နေ့ နံနက် ( ၉)နာရီက ရပ်ကွက်ကြီး (၂) ရှိ  မဟာပဝါရဏာသိမ်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများနှင့်  သက်ကြီး အဘိုး/ အဘွားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းက သက်ကြီးပူဇော်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ဘိုးဘွားတို့အား တင်ပြလျှောက်ထားပြီး   တက်ရောက်လာသူများမှ အသက်(၈၅)နှစ်အထက် အဘိုး/အဘွားများအား  ကန်တော့ချိုးဖြင့် ကန်တော့ခြင်း ၊  အဘိုး/အဘွားများကိုယ်စား  အဘိုး (၁) ဦးနှင့် အဘွား (၁) ဦးတို့မှ  ဆုတောင်းမေတ္တာများပို့သပေးခဲ့ကြသည် ။

ဆက်လက်ပြီး ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၁) မှ (၂၁) ရှိ အသက် ၈၅ နှစ်နှင့်အထက် အဘိုး (၁၇၈) ဦးနှင့် အဘွား (၃၅၂) ဦး ၊ စုစုပေါင်း (၅၃၀) ဦး တို့အား လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး အဘိုး/အဘွားများနှင့် တက်ရောက်လာသူများကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)