မိုင်းယောင်းမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မိုင်းယောင်း ဧပြီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပ သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းစီဖေါင်းကလူကုန်ကူးခြင်း၏ နောက်ခံသမိုင်းအကြောင်းနှင့် “ပြောင်းရွှေ့သွားလာခြင်းနှင့် လူကုန်ကူးခြင်းတို့ ကွာခြားချက်အကြောင်းများကို ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက် အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်က “လူကုန်ကူးခြင်း၏ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်များ” အကြောင်း၊ လူခိုးမှု၊ သွေးဆောင်ဆွဲခေါ်မှု၊ ကျွန်ပြုမှုနှင့် အနိုင်အထက်ခိုင်းစေမှုအကြောင်းကိုလည်းကောင်း၊ လုပ်သားရုပ်သံ ဒေါ်ဝေဝေခိုင်က မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း