ရန်ကုန် ဧပြီ ၁၈
၁၃၈၅ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့(ယနေ့)တွင် ရန်ကုန်တိုင်းဒေသကြီးအစိုရအဖွဲ့မှ ကြီးမှူးကျင်းပသော ဘိုးဘွားသက်ကြီးပူဇော်ကန်တော့ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီးရှိ သီရိရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှ သက်ကြီးဘိုးဘွားများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြသည်။
ထို့နောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဂါရဝပြုကန်တော့လက်ဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းကြသည်။
ထိုနောက်ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ဇနီးတို့ကဌာနဆိုင်များမှ ထာဝရပဒေသာပင်အတွက် လှူဒါန်းငွေကျပ် (၁၀၀၁၉၀၀၀)ကို နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီးအမှုဆောင်ဥက္ကဋ္ဌ ဦးဝင်းဆွေထံပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ကန်တော့ခံဘိုးဘွားများကိုယ်စား၊ အဘိုးတစ်ဦးက ဆုတောင်းမေတ္တာပို့သခဲ့ပြီး နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီးအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဆွေက ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းတို့က ဌာနဆိုင်ရာများမှ ယနေ့စုစုပေါင်းလှူဒါန်းငွေကျပ် (၂၀၉၂၁၀၀၀)ကိုနှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီးအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဆွေထံ ပေးအပ်လှူဒါန်းကာအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ ဆက်)