သံတွဲမြို့၌ သက်ကြီးဘိုးဘွားပူဇော်ပွဲ အခမ်းအနားကျင်းပ

သံတွဲ ဧပြီ ၁၈

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ အသက်(၉၀)နှစ်နှင့်အထက်  သက်ကြီးဘိုးဘွားများအား ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဒွါရာတီခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သက်ကြီးဘိုးဘွားများအား  ပူဇော်ကန်တော့ကြသည်။ ထို့နောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနှင့် မိသားစုက ပူဇော်ကန်တော့ငွေနှင့် လက်ဆောင်များပစ္စည်းများကို ပေးအပ်လှူဒါန်းကြသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ သက်ကြီးဘိုးဘွားပူဇော်ပွဲ အခမ်းအနားကျင်းပရေးကော်မတီအဖွဲ့ဝင်များ နှင့်စေတနာရှင် အလှူရှင်များက ပူဇော်ကန်တော့ငွေနှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြရာ အဘိုး၊ အဖွားများကိုယ်စား အဘိုး ဦးအေးမောင်က နှစ်သစ်ဦး ဩဝါဒစကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ သက်ကြီးဘိုးဘွားပူဇော်ပွဲသို့ အသက်(၁၁၂)နှစ်ရှိ အဘွားတစ်ဦး၊ (၁၀၀)နှစ်ရှိအဘွား တစ်ဦးနှင့် အသက်(၉၀) နှစ်အထက် အဘိုး၊ အဖွား(၁၈)ဦး စုစုပေါင်း (၂၀)ဦးတို့အား နှစ်သစ်ဦး အလှူအဖြစ် ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)