ကျိုက်ထို ဧပြီ ၁၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၌ ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက် ဧပြီလ ၁၇ ရက်၊ နံနက် ၈ နာရီတွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ကျိုက်ထိုမြို့နယ်သာသနာ့ဗိမာန်၌ ကျင်းပခဲ့သည်။
အခမ်းအနားကို (နမောတဿ)သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုးကန်တော့ဖွင့်လှစ်ပြီး ဘိုးဘွားများအားဆီးမီးဖြင့် ပူဇော်ကန်တော့ကာ အမွှေးနံသာများဖက်ဖြန်း၍ ပူဇော်ကန်တော့ပြီး ဘိုးဘွားများ အသက်ရှည်ကျန်းမာစေရန် ဆုတောင်းမင်္ဂလာတေးထပ်များဖြင့် သီဆိုဖျော်ဖြေပူဇော်ခဲ့သည်။
ယင်းနောက် အဘိုး၊ အဘွားများအား လက်အုပ်ချီမိုးကန်တော့ကြပြီး သက်ကြီးပူဇော်ရေးကျင်းပရေးကော်မတီအဖွဲ့နှင့် ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်နိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက ကန်တော့ပစ္စည်းများအား ပေးအပ်လှူဒါန်းရာ ကန်တော့ခံအဘိုးအဘွားများကိုယ်စား အဘိုးဦးစံမြနှင့်အဘွားဒေါ်တင်လှတို့က ဆုပေးစကားများပြောကြားခဲ့သည်။
ဆက်လက်၍ သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌဦးဌေးလွင်မှ သက်ကြီးပူဇော်ပွဲကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးမင်းစိုးက ဝမ်းမြောက်စကားပြောကြား၍ သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်ဦးအောင်မင်းစိန်က အလှူငွေရရှိစာရင်းကို ဖတ်ကြားတင်သွင်းကာ ဗုဒ္ဓသာသနံစီရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားတွင် ရပ်ကွက်၊ ကျေးရွာများမှ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွား(၁၅၀)ဦးအား တစ်ဦးလျှင်ငွေကျပ်(၅၀၀၀၀)နှင့် ကန်တော့ပစ္စည်းဆေးဝါးများနှင့် အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းပေးခဲ့ကြောင်း ကျင်းပရေးကော်မတီမှ သိရသည်။
မြို့နယ်ပြန်/ဆက်