သာစည်မြို့နယ် ဘုရားငါးဆူကုန်ထုတ်စခန်းမှ အကျဉ်းသား ၁၉ ဦးပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ

သာစည် ဧပြီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စုရှိ   အကျဉ်းဦးစီးဌာန ဘုရားငါးဆူကုန်ထုတ်စခန်းမှ အကျဉ်းသားလုပ်အားရှင် ၁၉ ဦး မြန်မာနှစ်ဆန်းတစ်ရက်နေ့က  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့ရာ  ယမန်နေ့နံနက် ၉ နာရီက ဆုံးမဩဝါဒစကားပြောကြားပြီး လွတ်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  လွတ်ငြိမ်းချမ်းသာခွင့် ရာဇဝတ်ကျင့်ထုံး  ဥပဒေပုဒ်မ  ၄၀၁ (၁) အရပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သူ ၁၉ ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များက ဆုံးမဩဝါဒစကားပြောကြားပြီး  တာဝန်ရှိသူများက  အကျဉ်းသားလွတ်လက်မှတ်၊  ကိုဗစ်ကာကွယ်ဆေးထိုးပြီးစီးမှု လက်မှတ်၊ ခရီးစရိတ်၊ စားစရိတ်၊ လုပ်အားရှင်ခံစားခွင့်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က လွတ်မြောက်လာသူ တစ်ဦးလျင် ငွေကျပ်တစ်သောင်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့ရာ လွတ်ငြိမ်းခွင့်ရရှိခဲ့သူများက   ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အကျဉ်းသားလွတ်ပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘုရားငါးဆူကုန်စခန်းမှ ဦးစီးအရာရှိဦးဇော်မြင့်ဦးနှင့် ဝန်ထမ်းများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)