မိုင်းယောင်းမြို့နယ်၌ မော်တော်ယာဉ်ဖြင့် ဆရာတော်ကြီးများက အန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်

မိုင်းယောင်း ဧပြီ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ပြည်သူများ ဘေးအန္တရာယ်အပေါင်းကင်းရှင်းပြီး ငြိမ်းချမ်းသာယာစေရေးအတွက် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဆရာတော်ကြီးများက မော်တော်ယာဉ်ဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်တော်မူကြသည်။

မော်တော်ယာဉ်ဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ရာတွင် သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်ကိုဦး၊ မြိုနယ်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးနန်မဟာလျှဲန်၊ မြို့မိမြို့ဖ ဦးဇော်မင်းနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများ၏ ကပ္ပိယကာရကအဖြစ်လိုက်ပါ၍ ပရိတ်ရေများ ပက်ဖျန်းကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြသည်။

အလားတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း