ဥတ္တရသီရိ ဧပြီ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်နှင့် ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာရှေ့၌ အန္တရာယ်ကင်းပရိတ်တရားတော်နာရွတ်ဖတ်ပူဇော်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က ကျင်းပသည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပြီးနောက် ဇေယျာသီရိခရိုင်နှင့် ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးဟန်ဝင်းထူး၊ ဦးမင်းခိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ဆရာတော်၊ သံဃာတော်များအား အလှူငွေနှင့် အလှူပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)