ဂုံတောင် ဧပြီ ၁၈
မြန်မာလူမျိုးတို့သည် မြန်မာတို့၏ရိုးရာယဥ်ကျေးမှုအစဉ်အလာတစ်ခုဖြစ်သော မြန်မာနှစ်ဆန်းတစ်ရက်နေ့တိုင်းတွင် မိမိတို့နေရာဌာနအလိုက် သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ခြင်း ခေါင်းလျှော်ခြင်း၊ ခြေသည်း၊ လက်သည်းညှပ်ပေးခြင်းများကို ဓလေ့ထုံးတမ်းအစဉ်အလာမပျက် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းသော ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် သက်ကြီးပူဇော်ပွဲများပြုလုပ်ကြောင်း သတင်းရရှိသည်။
ထိုသို့ပြုလုပ်ရာတွင် ယမန်နေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၄)ရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ မြို့နယ်အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ်လုံးဆိုင်ရာသက်ကြီးပူဇော်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က အသက် ၉၀ နှစ်အထက် အပူဇော်ခံသက်ကြီးဘိုးဘွား ၉ ဦးအား ပူဇော်ခံဝတ္တုပစ္စည်းများနှင့် ပူဇော်ငွေများ ပူဇော်ကန့်တော့ကြကြောင်း သတင်းရရှိသည်။
ထို့အတူ ရပ်ကွက်များတွင်လည်း ရပ်ကွက်များအလိုက် ဓမ္မာရုံများ၊ လမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင် သက်ကြီးဘိုးဘွားများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်းများညှပ်ပေးခြင်း၊ ပူဇော်ကန်တော့ခြင်းများဆောင်ရွက်ကြရာ ၂၂ ရပ်ကွက်ရှိ သာသနဝေပုလ္လဓမ္မာရုံတွင် ဆရာတော် သံဃာတော် ၉ ပါးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး အသက် ၇၅ နှစ်အထက် ဘိုးဘွား ၂၁၈ ဦးတို့အား ပူဇော်ကန်ပွဲပြုလုပ်၍ ပူဇော်ကန်တော့ကြကြောင်း သတင်းရရှိသည်။
သန်းသန်းအေး