ပုဏ္ဏားကျွန်းမြို့၌ မြို့လုံးကျွတ်သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပ

ပုဏ္ဏားကျွန်း  ဧပြီ ၁၈

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ရခိုင့်ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ နှစ်သစ်အခါသမယမှာ အသက်(၈၅)နှစ်နှင့်အထက်ရှိ မြို့လုံးကျွတ် သက်ကြီးပူဇော်ကန်တော့ပွဲကို ယမန်နေ့နံနက်(၉)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ရခိုင်မင်္ဂလာစည်တော်ဝိုင်းနှင့်တွဲဖက်ကာ ဩဘာရတုသီဆိုဖွင့်လှစ်ပေးပြီး မြို့နယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမောင်စံဝင်းက အဘိုးအဘွားများအား နှစ်သစ် အခါသမယမှာ ပူဇော်ထိုက်သူကို ပူဇော်ကန်တော့ရခြင်းသည် ကောင်းမြတ်လှသော မင်္ဂလာ တစ်ပါးဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားသို့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်စံဝင်း၊ အမှတ် ၅၅၀ ခြေမြန် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်လင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ခဲ့ကြပြီး သက်ကြီးဘိုးဘွားများအား ဩကာသကန်တော့ကျိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။

ဆက်လက်၍ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်မှ အသက်(၈၅)နှစ်နှင့်အထက် အဘိုး ၂၀ ဦး နှင့်အဘွား ၂၇ ဦးတို့ကို တစ်ဦးလျှင် ငွေကျပ်(၁၅၀၀ဝိ/နှုန်း)ဖြင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က ပူဇော်ကန်တော့ခဲ့ကြပြီး အပူဇော်ခံ အဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးမှ ဝမ်းမြောက်ကြောင်း နှစ်သစ်မင်္ဂလာဆုတောင်းမေတ္တာများ ပို့သပေးခဲ့ကြောင်းသိရသည်။ 

နီထွန်းအောင်(ပြန်/ဆက်)