မိုင်းခတ်၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့  သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲကျင်းပ

မိုင်းခတ် ဧပြီ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ခူးလဆုတ် ၁၃ ရက်နေ့၊ နံနက်ပိုင်းက မိုင်းခတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူး၍ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ စုပေါင်းကျင်းပပြုလုပ်သည့် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲကို မိုင်းခတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သက်ကြီးပူဇော်ပွဲတွင် မိုင်းခတ်မြို့ပေါ်ရှိ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်ရှိ အသက်(၇၅)နှစ်အထက် ဘိုးဘွား(၄၃)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များက အလှူငွေနှင့်ပစ္စည်းများ လှူဒါန်း၍ ပူဇော်ကန်တော့ကြပြီး အမှတ်(၁)ရပ်ကွက်မှ အဘိုးဦးအေးမင်းက ဆုတောင်းစကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲကို အမှတ်(၁)ရပ်ကွက် ညောင်ပင်ဓမ္မာရုံ၌ ညနေ ၄ နာရီအချိန်က ပြုလုပ်ရာ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ကိုယ်စားမိုင်းညှင်းသာသနာ ပြုဆရာတော် ဦးနန္ဒာသီရိနှင့်ဆရာ‌တော်များက ပရိတ်တရားတော်နှင့် ကမ္မဝါစာများ‌ ရွတ်ဖတ်ဟောကြားတော်မူရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အတွင်းရှိပြည်သူများက ဆရာတော်သံဃာတော်တို့အား လှူဖွယ်ပစ္စည်းနှင့် ဝတ္ထု‌ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်