စမ်းချောင်း ဧပြီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်၊ ဗားကရာလမ်း၊ ကိုးထပ်ကြီးဘုရားတွင် နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့၌ ဥပုသ်သီတင်းဆောက်တည်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ အတုလာ ဓိပတိ မဟာမုနိသကျ ကိုးထပ်ကြီးဘုရား၌ နံနက်(၁၀)နာရီတွင် ဥပုသ်သီတင်းဆောက်တည်သူများအား သီလပေး၍ နေ့လယ်(၂)နာရီတွင် တရားပေးလျက်ရှိပြီး အလှူရှင် စေတနာရှင်များကလည်း စတုဒီသာများ၊ ကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ဗုဒ္ဓဝေယျာဝစ္စကုသိုလ်ပြု နံ့သာရေစင် ကုသိုလ်ရှင်အဖွဲ့ကလည်း ဘုရားဖူးလာသူများနှင့် ဥပုသ်သီလဆောက်တည်သူများ ကိုယ်တိုင်နံ့သာသွေး၍ ဘုရားကို နံ့သာရေစင်ဖြင့် လောင်းလှူ ပူဇော်နိုင်အောင် ကုသိုလ်ပြု လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
နီလာစိုး (ပြန်/ ဆက်)