ရှင်ဗွေယန် ဧပြီ ၁၇
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ရှင်ဗွေယန်မြို့၌ ယနေ့ နံနက် ၉ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ (၁၇) ကြိမ်မြောက် အန္တရာယ်ကင်းပရိတ်ရွက်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲ ကျင်းပပြု လုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ (၁၇)ကြိမ်မြောက် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲ အခမ်း အနား ဖြစ်မြောက်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုပ်ငန်းရှင်များစုပေါင် ဆောင်ရွက်ခဲ့ ကြောင်းနှင့် သက်ကြီး ဘိုး၊ဘွား (၆၀) ဦးတို့အား အဟာရမုန့်များနှင့် ငွေကျပ် (၃သောင်း)စီ ပူဇော်ကန်တော့ပြီး ဘိုး/ဘွားများအား ခေါင်းလျှော်ပေးခြင်း၊ သနပ်ခါးလိမ်းခြယ်ပေးခြင်း၊ ခြေသည်း/ လက်သည်းညှပ်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ရှင်ဗွေယန် (ပြန်/ဆက်)