ဝိုင်းမော်မြို့နယ်၌ မြန်မာနှစ်ဆန်း ၁ ရက် ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ ကျင်းပ

ဝိုင်းမော်         ဧပြီ     ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ဧပြီ ၁၇ ရက်တွက် ကျရာက်သည့် မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းက သတ်မှတ်နေရာများတွင် အသီးသီးကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဧပြီ ၁၇ ရက် နံနက် ၇ နာရီက ဝိုင်းမော်မြို့နယ် ရပ်ကွက် (၁) ရှိ ဧရာဝတီမြစ်အတွင်း ဇီဝိတဒါန ငါးလွှတ်ပွဲအား ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်မင်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက (၂) လက်မအရွယ် ရွှေဝါငါးကြင်း သားပေါက်ကောင်ရေ (၂) သိန်းအား ဧရာဝတီမြစ်အတွင်း လွှတ်ပေးခဲ့ကြသည်။

ဆက်လက်၍ အသက် (၈၀) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို နံနက် ၉ နာရီတွင် ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန “ဆမား” ခန်းမတွင် ကျင်းပ ပြုလုပ်ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန် ထမ်းများက ဩကာသ အစချီ၍ သက်ကြီးဘိုးဘွားများအား ရှိခိုးကန်တော့ရာ အဘိုးအဘွားများ ကိုယ်စား အဘိုးတစ်ဦးက ဆုတောင်းမေတ္တာများပို့သပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ သက်ကြီးဘိုးဘွား များအတွက် အသုံးအဆောင်နှင့် ဆေးဝါး၊ အလှူ‌ငွေများအား လှူဒါန်းခဲ့ကာ အခမ်းအနားသို့ သက်ကြီး ဘိုးဘွား (၅၀)ဦး တက်ရောက်ခဲ့သည်။

ဖြူစင်