ဟိုပုံး ဧပြီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်တွင် သက်ကြီး ဘိုးဘွား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သီရိမင်္ဂလာဗိမ္ပာန်တွင် ကျင်းပ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသည့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြိုနယ်စီမံ အုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲဝင်များ၊ ဒေသအဆင့်/ မြိုနယ်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများနှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများအား ရှိခိုးကန်တော့ခဲ့ကြသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ဇနီး ဒေါ်မြတ်ခင်မော်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်နှင့်ဇနီး၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ အဖွဲ့ဝင် ဦးနေမျိုးလှိုင်နှင့်ဇနီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်နှင့် အဖွဲ့ဝင်များက အသက်(၈၀)နှစ်နှင့် အထက်သက်ကြီးဘိုးဘွား ဟိုပုံးမြို့ မြို့ဦးကွက်သစ်ရပ်ကွက် (၁၇)ဦး၊ မြို့ဦးရပ်ကွက်(၂၀)ဦး၊ တုံခမ်းရပ်ကွက်(၂၀)ဦး၊ အနောက်ရပ်ကွက် (၂၀)ဦး၊ အရှေ့ရပ်ကွက်(၃)ဦး၊ တောင်ရပ်ကွက်(၄၃)ဦး စုစုပေါင်း(၁၂၃)ဦးတို့အား ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြပြီး သက်ကြီး ဘိုးဘွားများကိုယ်စား တောင်ရပ်ကွက်မှ အဘိုးဦးကွင်က ဆုတောင်း မေတ္တာပို့သပြီး ကျေးဇူးစကားပြန် လည်ပြောကြားခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)