မြန်မာနှစ်ဆန်းတစ်ရက်နေ့အခါသမယတွင်ရမ်းဗြဲမြို့၌သက်ကြီးဘိုးဘွားများအားပူဇော်ကန်တော့ပွဲကျင်းပ

ရမ်းဗြဲ    ဧပြီ   ၁၇ 

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌မြန်မာနှစ်ဆန်းသမယတွင် မြို့ပေါ်ရပ်ကွက်များမှ အဘိုးအဘွား(၃၀)ဦးအား ပူဇော်ကန်တော့ ခြင်းမင်္ဂလာအခမ်း အနားကို ယနေ့နံနက် ၈ နာရီအချိန်က ရမ်းဗြဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာဝတီခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါပူဇော်ပွဲ အခန်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် အဖွဲ့ဝင်များ၊ ဌာဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမူရေးအသင်းအဖွဲ့များက တက်ရောက်ကြသည်။                                                  

ရှေ့ဦးစွာ ပူဇော်ပွဲတက်ရောက်လာကြသူများမှ သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ခဲ့ကြပြီးနောက် အပူဇော်ခံအဘိုးအဘွားများမှ အဘိုးတစ်ဦးက ပူဇော်ကန်တော့ကြသူများကို ဆုတောင်းမေတ္တာပို့သပေးပြီး တက်ရောက်လာကြသူများက အဘိုးအဘွားများအတွက် လှူဒါန်းဖွယ် ဝတ္ထုပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်