မိုင်းဆတ် ဧပြီ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ အကျဥ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဥ်းသား(၃)ဦးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ယနေ့နံနက်(၉)နာရီခွဲက လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်လင်းထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်တို့က ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် လက်မှတ်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)