စဉ့်ကူး ဧပြီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို အစဉ်အလာမပျက် ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် မြန်မာနှစ်ဆန်း (၁) ရက်၊ ဧပြီလ (၁၇) ရက်နေ့ ယနေ့နံနက် ၈ နာရီက သက်ကြီးပူဇော်ပွဲ အခမ်းအနားကို စဉ့်ကူးမြို့သာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ကျင်းပရာ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသော်တာထွန်းနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အခမ်းအနားသို့ တက်ရောက်လာသော စဉ့်ကူးမြို့ပေါ်ရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား (၄၇)ဦးတို့အား ကန်တော့ကြပြီး အဘိုးအဘွားတစ်ဦးလျှင် ပူဇော်ကန်တော့ငွေ သုံးသောင်းကျပ်၊ မျက်နှာသုတ်ပုဝါ(၁)ထည်၊ အင်နာဗွန်စီ(၁၀)လုံးပါ ဆေးကတ်(၁) ကတ်စီတို့အား ပေးအပ်လှူဒါန်းခဲ့ကြပြီး အခမ်းအနားသို့ မတက်ရောက်နိုင်သော ဘိုးဘွားများကိုလည်း တာဝန်ရှိသူများက နေအိမ်အရောက် လိုက်လံကန်တော့သွားကြမည် ဖြစ်ကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)