၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အသက်(၈၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ပူဇော်ပွဲ ဟိုပန်၌ ပြုလုပ်

ဟိုပန် ဧပြီ ၁၇

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ အသက်(၈၀)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ် ခန်းမတွင် ကျင်းပပြုလုပ်ရာ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ရှေ့တန်းအမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူးဗိုလ်မှူးကြီးမင်းမောင်၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာဥက္ကဋ္ဌ ဦးညီနပ်က နှစ်သစ်မင်္ဂလာနုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး တက်ရောက် လာသူများက ဘိုးဘွားများအား ကန်တော့ချိုးဖြင့် စုပေါင်းပူဇော်ကန်တော့ခဲ့ ကြသည်။ ဆက်လက်၍ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုနှင့် အလှူငွေများကို ဘိုးဘွားများအား ပေးအပ်ခဲ့ပါသည်။ ထို့နောက် ဘိုးဘွားများကိုယ်စား အဘွား ဆရာမကြီး ဒေါ်ဒက်ဖနီမဟာက ဆုတောင်းမေတ္တာပို့သပေးခဲ့ပါသည်။

ယနေ့တွင် ဟိုပန်မြို့နယ်တွင်းရှိ အသက်(၈၀)နှစ်နှင့်အထက် ဘိုးဘွား(၂၁၅)ဦးကို ပူ‌ဇော် ကန်တော့နိုင်ခဲ့ပြီး ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးအရ အခမ်းအနားသို့ မတက်ရောက်နိုင်သူများကို ရပ်ကွက်/ကျေးရွာ  အုပ်ချုပ်ရေးမှူးများမှတဆင့် အိမ်တိုင် ရာရောက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)