ဘီးလင်း ဧပြီ ၁၇
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော သက်ကြီး အဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသူများက အဘိုး၊အဘွားများအား အနန္တငါးပါး ဦးထိပ်ထား၍ လက်အုပ်ချီမိုး ရှိခိုးကန်တော့ခဲ့ကြသည်။ ထို့နောက် အဘိုးတစ်ဦးမှ ကျေးဇူးတင် ခွင့်လွှတ်စကားပြောကြားကာ ဆုတောင်း မေတ္တာပို့သခဲ့သည်။
ယင်းနောက်အသက် ၈၀ နှစ်အထက်ဘိုးဘွား ၂၇၀ ဦးတို့အား တစ်ဦးလျှင် အလှူငွေကျပ် နှစ်သောင်းစီနှင့် အသုံးအဆောင် ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူ အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနိုင်အောင်ထွန်းနှင့်တာဝန်ရှိသူအသီးသီးတို့က ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ သက်ကြီးဘိုးဘွား ပူဇော်ပွဲသို့တက်ရောက်နိုင်ခြင်းမရှိသည့်အဘိုး အဘွားများအားသက် ဆိုင်ရာ ရပ်ကွက်စာရေးဝန်ထမ်းများ ကအိမ်တိုင်ရာရောက် လိုက်လံ ကန်တော့သွားမည်ဖြစ်ကြောင်းသိရသည်။
အခမ်းအနားသို့ ဘီးလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များနှင့် မြို့ပေါ်ရပ်ကွက် ၅ ခုမှ အဘိုး၊ အဘွား၂၅ ဦးတို့တက်ရောက်ခဲ့ကြောင်းသိရသည်။
ဘီးလင်း (ပြန်/ဆက်)