ကျိုက်ထို ဧပြီ ၁၇
ကျိုက်ထိုမြို့နယ်တွင် မြန်မာနှစ်သစ် မင်္ဂလာအခါသမယ အထိမ်းအမှတ်အဖြစ် ဧပြီ(၁၇) ရက် နံနက်(၁၀)နာရီ၌ မြိုနယ်အတွင်းရှိအကျဉ်း စခန်းအသီးသီးမှ အကျဉ်းသား/သူ(၆၅)ဦး အားလွတ်ငြိမ်းခွင့်ပြုကြောင်း သိရသည်။
အဆိုပါ အကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပြုရာတွင် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ မုပ္ပလင်(အမျိုးသား) ကုန်ထုတ်စခန်းရှိအစည်း ဝေးခန်းမတွင် အကျဉ်းသား(၁၇)ဦးအား လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဘိုမှ ဆုံးမစကားပြောကြား၍ လည်းကောင်း၊ မုပ္ပလင် (အမျိုးသမီး) ကုန်ထုတ်စခန်း အစည်းဝေးခန်းမတွင် အကျဉ်းသူ(၁၈)ဦးအား လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကြူကြူဝင်းမှ ဆုံးမစကားပြောကြား၍ လည်းကောင်း၊ ကျိုက်ထို မြို့နယ်၊အင်္ဂဘိုကျေးရွာ၊ အင်္ဂဘိုရော်ဘာ စိုက်ပျိုးရေးစခန်း(ရွှေဖြူ) အစည်းဝေးခန်းမတွင် အကျဉ်းသား(၃၀)ဦးအား လက်ထောက်ညွှန်ကြားရေးမှူး ဦးစင်အောင်မှ ဆုံးမစကား ပြောကြား၍ လွတ်ငြိမ်းခွင့်ပြုပေးခဲ့သည်။
ကျိုက်ထိုမြို့နယ်အတွင်း အကျဉ်းစခန်း(၃)ခုရှိ အကျဉ်းသားစုစုပေါင်း(၆၅)ဦးတို့အား ကျင့် ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)