မောင်တော ဧပြီ ၁၇
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၁၃၈၄-၁၃၈၅ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်ပြီး ဇီဝိတဒါန ငါးလွှတ်ပွဲကို ယနေ့နံနက် ၇ နာရီ အချိန် အာလီသားကန်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဇီဝိတဒါန ငါးလွှတ်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများက အာလီသားကန် အတွင်း အရွယ်အစား ၂ လက်မနှင့်အထက် ထိုင်းငခုံးမ နှင့် ရွှေဝါရောင်ငါးကြင်း အကောင်ရေ ၆ ထောင်ကျော် လွှတ်ပေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်