၁၃၈၅ခုနှစ် နှစ်ဆန်း(၁)ရက်နေ့တွင် အဘိုး၊အဘွားများအား သက်ကြီးပူဇော်ကန်‌တော့ပွဲကျင်းပ

မဟာအောင်မြေ ဧပြီ  ၁၇

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ် မြန္ဒာဝန်ထမ်းအိမ်ရာစခန်း၌ အဘိုး၊ အဘွားများအား သက်ကြီးပူဇော်ကန်‌တော့ပွဲကျင်းပခဲ့သည်။

နှစ်စဉ် နှစ်ဆန်း(၁)ရက်နေ့တွင် မြန္ဒာဝန်ထမ်းစခန်းမှ ဝန်ထမ်းများနှင့်အလှူရှင်များမှ စုပေါင်း၍အသက်(၇၀)နှစ်အထက် သက်ကြီးဘိုး၊ဘွားများအား  ပူဇော်ကန်တော့ခဲ့ရာယခုအခါ တတိယအကြိမ် ပူဇော်ကန်တော့ခဲ့ပြီး အဘိုး(၁၅)ဦး၊အဘွား(၂၁)ဦး စုစုပေါင်း(၃၆)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်(၃၅၀၀၀)နှင့် ပုဆိုး၊ထမိန်နှင့်စားသောက်ဖွယ်ရာများအား မြန္ဒာဝန်အိမ်ရာစခန်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များကလှူဒါန်းခဲရာအဘိုး၊အဘွားများမှ လက်ခံရယူခဲ့ကြပြီး အဘိုးတစ်ဦးကလည်း လှူဒါန်းသောကောင်းမှုကုသိုလ်အတွက် ကျေးဇူးတင်စကားပြောကြားပြီး အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်သည့် အဘိုး၊အဘွားများအား အိမ်အရောက်သွားရောက် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

အောင်ဇော်မင်း