ကော့မှူး ဧပြီ ၁၇
၁၃၈၅ ခုနှစ် နှစ်သစ်အခါသမယ ယနေ့သည်မြန်မာတို့၏ အထွတ်အမြတ်ထားရာ မြန်မာ့နှစ်ဆန်း တစ်ရက်နေ့ဖြစ်သည်နှင့်အညီ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက်၈နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်မြို့မရပ်ကွက် ဖလေးချောင်း၌ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဇီဝိတဒါနငါးလွှတ်ပွဲသို့တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂)ဦးဝင်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ငါးကောင်ရေ ၂၀၀၀၀ကိုဖလေးချောင်းအတွင်း သို့ဇီဝိတ ဒါနငါးများလွှတ်ပေးခဲ့ကြောင်းသိရသည်။
ကျော်သူရ