ရမည်းသင်း ဧပြီ ၁၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၏ မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အမိန့်အမှတ်(၂၈/၂၀၂၃)ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ၊ ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ရမည်းသင်းအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားနှင့်အကျဉ်သူတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပေးပွဲအခမ်းအနားကို ရမည်းသင်းအကျဉ်းထောင်ဝန်းရှိရိပ်သာ၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရမည်းသင်းအကျဉ်းထောင်တာဝန်ခံအရာရှိဦးကျော်သူက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အား ဖတ်ကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား/သူများကို ဆုံးမဩဝါဒစကားပြောကြားပြီး ထောင်တာဝန်ခံအရာရှိက လွတ်မြောက်ခွင့်ရရှိသူများကို ခရီးစရိတ်ငွေ၊ ခံစားခွင့်တို့ကို ထုတ်ပေးခဲ့ရာ လွတ်မြောက်ခွင့်ရအကျဉ်းသားများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသူများကို ယနေ့နံနက် ၁၀ နာရီကစတင်ကာ အကျဉ်းသား(၁၄)ဦး၊ အကျဉ်းသူတစ်ဦး စုစုပေါင်း(၁၅)ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဉပဒေပုဒ်မ ၄၀၁(၁)အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင်ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းချက်များဖြင့် ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့ကြောင်း ရမည်းသင်းအကျဉ်းဦးစီးဌာနက သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်၊ ရမည်းသင်း)