စဉ့်ကိုင် ဧပြီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုး/ဘွား(၅၀)ဦးတို့ အားသက်ကြီးပူဇော်ပွဲ ကျင်းပခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီ အချိန်က မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ပူးပေါင်း၍ သက်ကြီးပူဇော်ပွဲကျင်းပရေး ကော်မတီမှ ကြီးမှူးကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သက်ကြီးပူဇော်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ဝမ်းမြောက်ကြောင်း မုဒိတာစကား ပြောကြားခဲ့သည်။
ထို့နောက်မြို့ပေါ် ရပ်ကွက်များဖြစ်သော ရန်အောင်မြင်၊ ရန်နိုင်ရပ်၊ မြို့မရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ တရုတ်စုရပ်ကွက် စုစုပေါင်း မြို့ပေါ်(၅)ရပ်ကွက်မှ သက်ကြီးဘိုး/ဘွားများအား လက်အုပ်ချီမိုးရှိ ခိုးကန်တော့ပြီး သက်ကြီးဘိုး/ဘွား တစ်ဦးလျှင် အလှူငွေ (၂၅ဝဝဝိ/-)စီနှုန်းဖြင့် လှူဒါန်းခဲ့ရာ ဘိုး/ဘွားများကိုယ်စား မြို့မရပ်ကွက်နေ ဆရာကြီးဦးမြသင်းက ကျေးဇူးတင် ဆုံးမသြဝါဒစကား ပြောကြားခဲ့သည်။ အခမ်းအနားသို့ မတက်ရောက်နိုင်သည့် သက်ကြီးဘိုး/ဘွားများအား ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှတဆင့် အိမ်တိုင်အရောက် ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)
မြို့နယ်(ပြန်/ဆက်)