တောင်ကုတ် ဧပြီ ၁၇
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ အသက်(၉၀)နှစ် အထက်ဘိုးဘွားများအား သက်ကြီးပူဇော်ပွဲ အခမ်းအနားကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက်(၈)နာရီအချိန် ဖောင်တော်ဦး စေတီတော်ရှိ မဟာဝိဇယဓမ္မာရုံ၌ကျင်းပသည်။
အခမ်းအနားတွင် သက်ကြီးအဘိုးအဘွားများအား ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက အဘိုးအဘွားများသို့ တစ်ဦးလျှင် အလှူငွေ-၃၀၀၀ဝိ/- ပေးအပ်လှူဒါန်းရာ အဘိုဦးငွေတင်နှင့် အဘွားဒေါ်ဝင်းဖြူတို့က ဆုတောင်းမေတ္တာ ပို့သကြသည်။
ဆက်လက်၍ ခရိုင်၊ မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာကြသည့် အဘိုးအဘွားများသို့ လက်သည်း၊ ခြေသည်းများညှပ်ပေးပြီး ကောင်းမှုကုသိုလ် ပြုကြသည်။
တောင်ကုတ်မြို့ပေါ်တွင် အသက်(၉၀)နှင့်အထက် အဘိုးအဘွား(၇၀)ဦးရှိသော်လည်း အခမ်းအနားသို့ (၄၀)ဦးတက်ရောက်ခဲ့သဖြင့် မတက်ရောက်နိုင်သည့် အဘိုး၊ အဘွား(၃၀)ဦးထံသို့ အလှူငွေများကို အိမ်အရောက်လှူ ဒါန်းပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)