ဆိပ်ကြီးခနောင်တို ဧပြီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်း တစ်ရက်နေ့ မြန်မာနှစ်သစ်ကူးအခါသမယတွင် မြို့နယ်အတွင်းရှိအသက် ၈၅ နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းကို ယနေ့နံနက် ၈ နာရီက အခြေခံပညာအထက်တန်းကျောင်း (အထက-ခနောင်တို) ခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။
ထိုသို့ ပူဇော်ကန်တော့ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အဘိုး၊အဘွားများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး၊ အဘိုး အဘွားတစ်ဦးလျှင် လှူဒါန်းငွေ နှစ်သောင်းစီဖြင့် အဘိုး အဘွား (၇၅)ဦးအတွက် (၁၅)သိန်းနှင့် လှူဒါန်း ဆေးပစ္စည်း တန်ဖိုးငွေ (၂)သိန်းကျပ်၊ စုစုပေါင်း တန်ဖိုးငွေ ကျပ် (၁၇)သိန်းအား အဘိုးအဘွားများပူးဇော် ကန်တော့ခဲ့ကြသည်။
ပူဇော်ကန်တော့ပွဲအပြီးတွင် မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ အဘိုးအဘွားများ ခြေသည်း လက်သည်းများ ညှပ်ပေးခြင်းဖြင့် ကုသိုလ်ယူ ပြုလုပ်ပေးခဲ့သည်။ အဆိုပါ သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲသို့ မြို့နယ် စီမံအုပ်ချုပ်ရေး
အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝေယံ (IPRD)