ဝိုင်းမော်မြို့တွင် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲကျင်းပ

ဝိုင်းမော် ဧပြီ ၁၇

မြန်မာတိုင်းရင်းသားတို့၏ နှစ်သစ်ကူးမြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို မြန်မာနိုင်ငံတစ်ဝန်းရှိ အမြို့မြို့အနယ်နယ်တွင် ကျင်းပပြုလုပ်လျက်ရှိရာ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲကိုယမန်နေ့ ဧပြီ ၁၆ ရက် ညနေ  ၅ နာရီက ဝိုင်းမော်မြို့နယ်၊ ရပ်ကွက်(၁) မြို့နယ်လမ်းဦးစီးဌာနရုံးရှေ့ရှိ ဗဟိုမဏ္ဍာပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်မင်းဦးမှ နှစ်ဟောင်းကိုနှုတ်ဆက်ပြီး နှစ်သစ်ကိုကြိုဆိုနှုတ်ခွန်းဆက် ဆုမွန်ကောင်းချွေပြီးတာဝန်ရှိသူများက ဗဟိုမဏ္ဍပ်ရှိ ယိမ်းအကအဖွဲ့များမှ လှပျိုဖြူလေးများက “ နှုတ်ခွန်းဆက်သီချင်း  ” တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေခဲ့ပြီး တာဝန်ရှိသူများက ယိမ်းအကအဖွဲ့လှပျိုဖြူများနှင့် တက်ရောက်လာသူများအား အမွှေးနံ့သာရေများဖြင့် ပက်ဖျန်းပေးခဲ့ကြပြီး ယိမ်းအကအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ဝိုင်းမော်မြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလအတွင်း ယိမ်းအကအဖွဲ့များနှင့် DJ တေးဂီတအဖွဲ့များက နေ့စဉ်ဖျော်ဖြေတင်ဆက်ကပြသွားပြီး ရေလောင်းရေပက်ကစားသူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ခဲ့သည်။

မြို့နယ်(ပြန်/ဆက်)