ကျိုက်မရော ဧပြီ ၁၇
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၌ မြန်မာရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်းအစဥ်အလာနှင့်အညီ နှစ်သစ်အခါတွင် နှစ်စဥ်ကျင်းပသော (၃၄)ကြိမ်မြောက် သက်ကြီးဘိုးဘွား ပူဇော်ပွဲကို ယနေ့နံနက် ၇နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေဟင်္သာခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကာရောက်လာသော အဘိုး၊ အဘွားများအား မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးဦး ဦးဆောင်၍ ပူဇော် ကန်တော့ခဲ့ကြသည်။
ဆက်လက်၍ ကန်တော့ခံ အဘိုး အဘွားများကိုယ်စား အသက် ၉၃နှစ် ရှိ အဘိုးတစ်ဦးက မြန်မာနှစ်ဆန်းတစ်ရက်နေ့အတွက် နှစ်သစ် ဆုမွန်ကောင်း တောင်းပေးခဲ့သည်။
ထိုသို့ကျင်းပရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများစုပေါင်း၍ မြို့ပေါ် ရပ်ကွက် များမှ( ၉၀) နှစ်အထက် အသက်ကြီး ဘိုးဘွား (၂၅)ဦးတို့အား တစ်ဦးလျှင် အလှူငွေ ကျပ်သုံးသောင်း နှင့်အသုံးအဆောင် ပစ္စည်းများအားဂါဝရထား ကန်တော့ခဲ့ကြကာ အခမ်းအနားကို သာဓုသုံးကြိမ်ခေါ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)