ချမ်းအေးသာစံ ဧပြီ ၁၆
မြန်မာသက္ကရာဇ် ၁၃၈၄ (၂၀၂၃) ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်၊ မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ဧပြီလ ၁၆ ရက်နေ့ ညနေ ၆နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်း၊ ၇၁လမ်းနှင့် ၇၂ လမ်းကြားရှိ မြို့တော်ခန်းမရှေ့တွင် ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်မှ နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောကြား၍ တာဝန်ရှိသူများမှ မြို့မငွေငန်းအလှပြယာဉ်အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း၊ ယိမ်းအဖွဲ့ အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း၊ ပထမဆုရ အမရပူရမြို့နယ်၊ ဒုတိယဆုရ ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်၊ တတိယဆုရ အောင်မြေသာစံမြို့နယ်နှင့် လပခယိမ်းအဖွဲ့များအား ဆုများအသီးသီးပေးအပ်ခြင်းနှင့် ပထမဆုရ အမရပူရမြို့နယ် ကိုယ်စားပြုယိမ်းအဖွဲ့မှ ပြန်လည်ဧည့်ခံဖျော်ဖြေခြင်း စသည့်အစီအစဉ်များဆောင်ရွက်ခဲ့ပြီး မဟာသင်္ကြန်ပွဲတော် နှစ်သစ်ကူးအခမ်းအနား အောင်မြင်စွာကျင်းပပြီးမြောက်ကာ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဆက်လက်ဖျော်ဖြေတင်ဆက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ စည်ပင်သာယာရေးဝန်ကြီးနှင့် မြို့တော်ဝန်ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင်၊ လူမှုရေးဝန်ကြီး ဦးအောင်မင်း၊ ဥပဒေချုပ် ဦးမြင့်အောင်တို့နှင့် ကျင်းပရေးဗဟိုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမောင်၊ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်း တို့နှင့် ကော်မတီဝင်များ၊ ဌာနမှူးများ၊ ဝန်ထမ်းများ၊ ယိမ်းအဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်