ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကျင်းပ

မောင်တော   ဧပြီ   ၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ၁၃၈၄-၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို  ယမန်နေ့ ညနေ ၅ နာရီအချိန် ကညင်တန်းရပ်ကွက်ရှိ ဗဟိုလ်မဏ္ဍပ်တွင် ကျင်းပပြုလုပ် ခဲ့သည်။

၏ရှေးဦးစွာ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်နှင့် နံ့သာသွေးပြိုင်ပွဲများတွင်  အဘက်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များတာဝန်ရှိသူများက ဂုဏ်ပြုအမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက  နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် ရိုးရာယဉ်ကျေးမှုအဖွဲ့များက အကအလှများဖြင့် ဖျေိာ်ဖြေခြင်း၊ ရုပ်ရှင်နှင့်သရုပ်ဆောင် သာထက်နှင့် တေးသံရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး ပြည်သူများက တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်(ပြန်/ဆက်)