သင်္ဃန်းကျွန်း ဧပြီ ၁၇
မြန်မာ့ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော် ၁၃၈၄ ခုနှစ် (ခရစ်နှစ် ၂၀၂၃)ခုနှစ် ရေကစားမဏ္ဍပ်ပိတ်ပွဲကို ယမန်နေ့ညနေ ၆ နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ်၊ ဦးဘဟန်လမ်းရှိ Royal Thingyan ရေကစားမဏ္ဍပ်၌ ကျင်းပခဲ့သည်။
အဆိုပါရေကစားမဏ္ဍပ်ပိတ်ပွဲသို့ သင်္ဃန်းကျွန်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့်အဖွဲ့ဝင်များက ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်တွင် မြနန္ဒာသီချင်းဖြင့် ပျော်ရွှင်စွာ ရေကစားမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ပိတ်သိမ်းရာယိမ်းအဖွဲ့များကပါဝင်ကပြဖျော်ဖြေပေးခဲ့ကြကြောင်းသိရသည်။
သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ သင်္ဃန်းကျွန်းမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေကစားမဏ္ဍပ်တွင် နေ့စဉ်ယိမ်းအဖွဲ့များမှကပြဖျော်ဖြေခြင်း၊ တေးဂီဖြင့် ဖျော်ဖြေခြင်း၊ စတုဒီသာ ကျွေးမွေးခြင်းနှင့် ရေကစားကြသူများဖြင့် နေ့စဥ်စည်ကားလျက်ရှိပြီး ရပ်ကွက်များရှိ နေအိမ်များတွင်လည်း စေတနာအလှူရှင်များစုပေါင်း၍ စတုဒီသာကျွေးမွေးလှူဒါန်းခြင်းများဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြကြောင်းသိရသည်။
ကိုဘုန်း(ပြန်/ဆက်)