ချောင်းဆုံမြို့နယ် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ချောင်းဆုံ      ဧပြီ     ၁၇

မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန် (အတက်နေ့) ချောင်းဆုံမြို့နယ်၏ ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားနှင့် ယိမ်းအဖွဲ့များအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဧပြီ ၁၆ ရက်နေ့ ညနေပိုင်းက ချောင်းဆုံမြို့နယ် လျှပ်စစ်ရုံးရှေ့ ဗဟိုမဏ္ဍပ် တွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်း နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ယိမ်းအဖွဲ့များနှင့် အနုပညာရှင်များမှ အကအလှတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ နှစ်သစ်ကူး နှုတ်ဆက်စကား ပြောကြားကာ တာဝန်ရှိသူများမှ ယိမ်းအဖွဲ့များအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြ ကြောင်းသိရသည်။

ချောင်းဆုံ(ပြန်/ဆက်)